စကားပြောခြင်း

Tuesday, February 28, 2012

စကားပြောခြင်း
မောင်ခိုင်လတ်
လူတစ်ယောက်မှာ နားနှစ်ဖက်နှင့် ပါးစပ်တစ်ပေါက်သာ ပါရှိသောကြောင့် ကျွန်ုပ်တို့သည် များများနားထောင်ကာ နည်းနည်းလေးပဲပြောသင့်သည်တဲ့။ ဒါက ဂရိအတွေးအခေါ်ရှင်ကြီး ဒိုင်အို ဂျီးနီးစ် ပြောကြားခဲ့တာ ဖြစ်သည်။ သူကတော့ သူ့စကားအတိုင်းပင် ဘဝတလျှောက်လုံး များများနားထောင်သင်ယူပြီး စကားလုံးတွေကိုတော့ အလွန်စီစစ်ချွေတာခဲ့သူဖြစ်သည်။ 

ရိုးသားစွာကြိုစားခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့

Saturday, February 4, 2012


မပုကွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်းနားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ ပါးစပ်ဖျားမှာ တစ်တွတ်တွတ် ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ ကျတိုင်းကျတိုင်းပြန်တက်ပြီး နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ ခရုငယ်ကို အတုယူပြီး အတန်းထဲမှာအညံ့ဆုံးဖြစ်တဲ့မပုကြွယ်ဟာ မရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။

ဗဟုသုတများပါစေ

Thursday, February 2, 2012

ဗဟုသုတများပါစေ
လူ့ဘဝသည် တိုတောင်း၏။ သိစရာမှတ်စရာတတ်စရာတွေလွန်စွာများရာ ကိုယ်တိုင်တစ်ဦးတစ်ယောက် တည်း၏အတွေ့အကြုံအမြင်များအကြားမျှနှင့်မလုံလောက်။အတွေ့အကြုံများသူတွေ ရေးသော ခေတ်သစ်စာများ ကိုလည်း ဖတ်ရလေသည်။ စာမတတ်သောသူ၏ စိတ်သည် အမှန်တိုးတက်မည်မဟုတ်ပေ။ မိမိကိုယ်ကို အလိုအလျောက် တက်သည်၊ သိသည်ဟု ထင်မှတ်၍ နေသူတွေ လည်း များစွာရှိလေသည်။ အလုပ်ဟူသမျှ၌ အကြံဉာဏ်လို၏။ အသိမများလျှင် မှန်သောဆုံးဖြတ်ချက်ကိုမချမှတ်နိုင်၊ ဆုံးဖြတ်ချက်မှားတတ်လေသည်။ သို့ဖြစ်လေရာ ယခုလတ်တလော ဖြစ်ပျက်၍ နေသော အကြောင်းအရာများကို သတင်းစာ၊ မဂ္ဂဇင်း၊ ကျမ်းစာအုပ်များကို ဖတ်မှသာ မှန်ကန်သောဆုံးဖြတ်ချက်ကို ချနိုင်လေသည်။ 

သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်

Saturday, November 26, 2011

သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်

သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန်လူထဲက လူများသာဖြစ်ကြပါ၏။ သို့သော် သူတို့သည် လူတိုင်းလိုသာမန် လူစားမျိုးဖြစ်ကြပါလျှင် သူတို့တစ်တွေ ကျတော့ ဘာ့ကြောင့် သန်းကြွယ်သူဌေး ဖြစ်ကြပါသနည်း။ လူများစုကြီးကတော့ ဘာ့ကြောင့် လူလတ်တန်းစားဘဝမှ မတက်ကြ ပါသနည်းဆိုသည့် အချက်ကမူ လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းလှ ပါသည်။ သာမန်လူစားများ ပိုင်ဆိုင်သော အရည်အချင်းများဖြင့်ပင် သူတို့ဘယ်ပုံ ဘယ်နည်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝလာအောင် မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ကြသည်ကိုလေ့လာသူနှစ်ဦးကဆန်းစစ်ရှာဖွေခဲ့ကြပါ၏။ 

ငံ့လင့်လျှက် ပန်းပျိုးလက်


လောကတခွင်အလှဆင်ဖို့
သင်းပျံ့ကြူမွှေးလေနုအေးနဲ့အတူ
လောကလူသားအတွက်ပေးစွမ်းနိုင်ဖို့
မေတ္တာ၊ကရုဏာ၊မုဒိတာထား
အလှပန်းလေးများရှင်သန် ဖူးပွင့်နိုင်ဖို့
ပြုစုယုယ လှသထက်လှဖို့
ပန်းပျိုးလက်များ တစ်နေ့တခြား
လိုအပ်လာပြီ . . .။
ပန်းကလေးတွေရဲ့အလှ
လောကအလယ်ဝံ့ကြွားဖွယ်အတွက်
ပန်းပျိုးမယ့်လက် ရှိပါရဲ့
ပြုစုပေးမယ့်လက် ရှိပါရဲ့
သို့သော်
ယုယမှုကင်း
မသန့်ရှင်း မကြည်လင်ပဲ
ညှီစို့စို့နဲ့။
ကိုသက်(အညာမြေ)

ပန်းတစ်ပွင့် ခရီးလမ်း တစ်ဆင့်

 “အလင်းရောင်”ဟာလူတိုင်းအတွက်မရှိမဖြစ်လိုအပ်သောအလင်းတန်းမဟုတ်ပါသကား။အရောင်အဆင်း ဖော်ပြလို့မရနိုင်တဲ့အလင်းရောင်ဟာ.. မိမိတို့ အတွက် အင်မတန်မှလိုအပ်လှပါတယ်။
            အလင်းမရှိတဲ့ ဘဝဟာ မျှော်လင့်ချက် ကင်းမဲ့နေသော လူတစ်ယောက်ကဲ့သို့  အရာရာမှာလိုအပ်ချက်တွေနဲ့  ဘ၀ခရီးကို ကြမ်းတမ်းစေနိုင်ပါတယ်။
အလင်းရှိသလို အမှောင်ဟူသော ရောင်စဉ်ဟာလည်း ဒွန်တွဲလျှက် လောကကြီးကိုစိုးမိုးနေပါတယ်။ မိမိတို့ဟာ အမှောင် ဟူသောရောင်စဉ်ကို မနှစ်သက်ကြ၍ အမှောင်ရှိစဉ်အခါမှာတောင် အမှောင်ကိုအံတုလျှက် အလင်းရရှိနိုင်သော အရာများကို သုံးလျှက် အလင်းကိုရှာစေပါတယ်။
“ဖရောင်းတိုင်”လေးရဲ့အလင်းရောင်ဟာလောကကို မစိုးမိုးနိုင်ပေမဲ့  မိမိအတွက်တော့ အလင်းရောင် ပေးစွမ်း နိုင်ခဲ့ပါတယ်။ 
အလင်းရယ် ထိန်ထိန်ဖြာ
ပူလှသည့်မီး ၊ ထွန်းညှိလို့ အခါခါ
ဘယ်အခါ မမှိန်ရလေအောင်၊  ပူပါစေ
ပျော်ကာနေ အလင်းပေးရှာတဲ့
ဖရောင်းတိုင်လေး။
အလင်းရောင်ဆိုတာ  ပူလောင်မှု လောင်ကျွမ်းမှုမှ ထွက်ပေါ် လာတတ် ကြတယ်။
မိမိဟာ အလင်းရောင်ကိုချစ်မြတ်နိုးသူဖြစ်သဖြင့် ပူလောင်မှုလောင်ကျွမ်းမှုတွေကို ခံစားရမှာမလွဲမသွေပါ။ အမှောင်လောက အလယ်မှာ သွားရန်လမ်းမရှိ အမှောင်သခင်ရဲ့ စေခိုင်းချက် အတိုင်းစေရာသွား၊ ခိုင်းရာလုပ်ဘ၀မှ သနားစရာ မိတ်သူငါတို့ကို အလင်းရောင်လမ်း  ဘ၀ပန်းတိုင်ရောက်အောင်ကူညီပေးခဲ့သူများမှာ အပင်ပန်းအဆင်းရဲခံကြရစမြဲပါ။ ထို့အတွက် အလင်းရောင် ပေးစွမ်းနိုင်ခဲ့သူများမှာ ဘ၀ရဲ့အလင်း ပြတင်းပေါက်မှာ ထာဝရရပ်တည်လျှက် ကြည့်နေသည်မှာ မဟုတ်ပါလား။
                ထို့ကြောင့် မိမိအလင်းရောင်ရရှိဖို့အတွက် မိမိ ကြိုးစားသကဲ့သို့ မိမိရဲ့ ပတ်ဝန်းကျင် ၊ အသိုက်အ၀န်းလေးအားလဲ အလင်းတန်းတွေရရှိအောင်မိမိတို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။မျှာ်လင့်ချက်ဆိုတာမိမိတို့၏ရည်မှန်းချက်ကိုအထောက်အကူဖြစ်စေတဲ့အင်အား အကြီးမားဆုံး ဆေးတစ်ခွက်ပါပဲလို့ ပြောရင်မလွဲနိုင်ပေရာ။
 လူတစ်ယောက်ဟာရည်မှန်းချက်ကြီးမားလေ ထိုလူ၏တန်ဖိုးအား တိုးတက်ကြီးမားလေပါပဲ။ မိမိရဲ့တန်ဖိုး မြှင့်တင်ခြင်း အားဖြင့်လည်း မိမိနှင့် ဆက်နွယ်ပတ်သတ်နေသော သူများမှာလည်း မိမိ၏တန်ဖိုး တန်ခိုးကြောင့် သင့်တယ်လှပစေပါတယ်။ “ရည်မှန်းချက်” တစ်ခုရှိပါလျှက် ပျင်းလျှက်ရေသာခို အချောင်လိုက်နေလျှင်တော့  ရည်မှန်းထားသောပန်းတိုင်မဟုတ်ဘဲ  ရယ်ချင်စရာကောင်းသော  “ရယ်မှန်းချက်” ရယ်စရာ ပြဇာတ်တစ်ပုဒ်ဖြစ်နိုင်ပေသည်။ ထိုအခါ မိမိ၏တန်ဖိုးမှာ နိမ့်ကျ သွားမည်ဖြစ်ပါသည်။ ဤတွင်မည်သည့် အရာနဲ့မျှ ဆုံးဖြတ်လို့မရတဲ့ လူ၏အသက်မျှ တန်ဖိုးကြီးမားလှသည့်အချိန်တွေဟာ ကုန်ဆုံးသွားခဲ့လေပြီဖြစ်သည်။ မိမိတို့၏ ရည်မှန်းထားသောပန်းတိုင်ရောက်ဖို့အတွက် မိမိတို့ တွင်ရှိသော အင်မတန် မှကြောက်စရာကောင်းလှသည့်  အန္တရာယ်ကြီးမားသော  ရန်သူဖြစ်သည့်“အပျင်း”စိတ်ကို မိမိတို့အရင်တိုက်ထုတ်ဖို့ လိုအပ်ပါသည်။  ထိုအပျင်းစိတ်သည် မိမိတို့၏အောင်မြင်မှု၊ မိမိတို့ဘ၀လမ်းကြောင်း၊ မိမိတို့၏မျှော်မှန်းချက်တွေအားလုံးကို ဖျက်  ဆီးနှောင့်ယှက်စေတဲ့ရန်သူဖြစ်သည်။ ထိုအပျင်းစိတ်ကိုနိုင်သောသူသည်  လောကတွင်အောင်မြင်သောသူများပင် ဖြစ်ပေသည် မဟုတ်ပါလား။
                မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကိုလျှောက်လှမ်းနေချိန်မှာ မိမိတို့ လျှောက်လှမ်းနေတဲ့လမ်းကလေး သာယာလှပရေးအတွက်မျှော်လင့်ချက်ပန်း အလှလေးများကိုစိုက်ကာ ခရီးဆက်နေကြရသည်။ ထိုအချိန်တွင် မိမိ၏ အောင်မြင်မှုတစ်ခုပြီးတိုင်း မိမိစိုက်ထားသောမျှော်လင့်ချက်ပန်းပင်မှ ပန်းပွင့် ကလေး တစ်ပွင့် ပွင့်နေလေသည်။ ထို့ကြောင့် မိမိ၏ လျှောက်နေသောလမ်းမှာ ပွင့်လန်းနေတဲ့ပန်းကလေးတွေကိုကြည့်ခြင်းအားဖြင့်မိမိတို့၏စိတ်ဟာ ခက်ခဲပါစေ၊ ခရောင်း လမ်း ဖြစ်ပါစေ၊ မိမိတို့ ရယ်ပြုံးစွာလျှောက်သွားနိုင်မည် မဟုတ်ပါလား။
             ခရီးဆိုတာလျှောက်မှရောက်သလို  ခရီးကိုသွားဖို့စိတ်ဓာတ် အင်အား တွေ လိုအပ်ပါတယ်။ မည်သည့်အရာမှလောကတွင် အဓိပ္ပါယ်မဲ့စွာရရှိနိုင်မည် မဟုတ်။ အကြောင်းတရားတစ်ခုကြောင့် တစ်ခုအကျိုးပြုကာရရှိလာခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ဟာ မိမိတို့ပြုထားသော ဆန္ဒစိတ်ကို မဖြစ် ဖြစ်အောင်ပြုလုပ်ရမှာ မိမိတို့၏ “စိတ်စွမ်းအင်” ပင်ဖြစ်သည်။ ထို “စိတ်”၏ စွမ်းအင်သည် ပညာဗဟုတုတအဖြာဖြာမှရရှိသော အင်အားများကိုစုစည်းထား ခြင်းပင်ဖြစ်ပေသည်။ မိမိတို့ဟာ မိမိတို့ဘ၀ခရီးလမ်းကိုစ၍မလျှောက်လှမ်း ခင်မှာ မိမိ၏ခရီးလမ်းအတွက်   စားနိပ်ရိက္ခာဖြည့်စွတ်ပြီးပြီလားဟုမေးသင့်ပါသည်။ မိမိတို့၏မေးခွန်းအဖြေပေါ်မှာမူတည်၍ မိမိတို့၏ခရီးကိုစ၍ လျှောက်လှမ်းလျှင် မိမိ တို့မှာဆူးကိုနင်း မပေါက် ၊ မီးကိုကျော် မပူ ၊ ရေခဲပေါ်ထိုင် မချမ်းအေးသကဲ့သို့.  မိမိတို့ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါပေမည်ဖြစ်ပေသည်။
                ထို့ကြောင့် မိမိတို့ဘဝခရီးရည်မှန်းချက်ပန်းတိုင်ကိုမိမိတို့ လျှောက် လှမ်းမယ်ဆိုရင်  “ပညာ” ဟူသောအသိ၊ အတတ် ၊ စသည့် ပန်းကလေးများအား စိုက်ထူရင်လျှောက်လှမ်းကြပါလို့တိုက်တွန်းရင်း။ မနက်ဖြန်ဆိုတဲ့အချိန်တိုင်းမှာ သူငယ်ချင်းရဲ့လျှောက်လှမ်းသောလမ်းမှာ ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့   ဆုတောင်းလိုက်ပါတယ်။ 

ဆက်၍ ကြိုးစားပါဦး မည်။
ညရောင် (ကျောက်တန်း)